Sunday, November 15, 2020

ကာယစွမ်းအားမှာသည် ဥာဏ်နစွမ်းအား

ခန္ဓာကိုယ်ကကျတဲ့ ချွေးတစ်စက်တိုင်းရဲ့ လုပ်ခ ဟာ အဖိုးတန်လှပါတယ်။
သို့သော် အဖိုးတန်လွန်းတဲ့ လုပ်ခလစာကို ဆွဲ ဆောင်ဖြားယောင်းတဲ့ လိုချင်လုပ်ချင်တာအ တွက် ပြန်သုံးရင်းဖြုန်းမိ တတ်ကြတယ်။
ကိုယ့်ဘဝ ကိုယ့်မှာပဲတာဝန်ရှိတယ်။ မင်းနှိမ့်ကျ နေရင် နှိမ့်ချဆက်ဆံ နှိမ့်ကွပ်မယ်။
မင်းအထက်ဆန်လာရင် ကပ်ရပ်ဖားပြီး မျောက်ပင့်မယ်။
မင်းအကျိုးလိုလားသူတွေအနည်းငယ်သာ မင်း နှိမ့်ကျသည်ဖြစ်စေ မင်းအထက်ဆန်လာတာဖြစ် စေ မင်းကိုဝန်းရံပြီး အားပေးချီးမြောက်နေမှာပါ။
ဒါကြောင့် မဖြစ်မနေ ကာယအားနဲ့ရတဲ့ လုပ်ခ လုပ်အားလစာကို ညဏ်နစွမ်းအားအသွင် ပြောင်းနိုင်ဖို့ လိုတာလောက်ပဲသုံးပြီး စုထားမယ် ဆိုရင် မင်းညဏ်နအရင်းအနှီးအတွက် အသုံးချ နိုင်မယ်။


Monday, November 9, 2020

သူတို့အားလုံး ဆရာတွေ

မင်းကိုယ်ရည် ကိုယ်သွေးရှိလွန်းလို့တော့မဟုတ်ဘူး။
မင်းကိုချစ်တဲ့သူတွေက မင်းကိုမြောက်ပေးတာမဟုတ်ပဲ မင်းကို ထိုက်သင့်တဲ့ ချီးမြောက်မှု ပေးတာဟာ မင်းကိုမင်း ယုံကြည်မှုတည်ဆောက်ပြီး ရပ်တည်နိုင်အောင် ဖြစ်တယ်ဆိုတာ နားလည်လာရင် သူတို့ကို မထီမဲ့မြင်မပြုမိပါစေနဲ့။
အပေါ်အမြင့်ရောက်ဖို့ မင်းအတွက် လှေကားထစ်အဖြစ်ရော၊ မင်းလက်ကိုဆွဲတင်တဲ့သူရော၊ မင်းအားထုတ်တတ်လာအောင် ဆွဲချနေတဲသူတွေအားလုံးဟာ မင်းဘဝကို ပုံသွင်းနေတဲ့ ဆရာတွေပဲ။


မိုးတစ်စက်နဲ့ ရေ

မိုးတစ်စက်နဲ့ ရေအိုင် မဖြစ်ပေမဲ့ မိုးစက်များစွာ ပေါင်းစုရင် ရေအိုင်၊ မြစ်ချောင်၊ ပင်လယ်သမုဒ္ဒရာ တောင် ဖြစ်လာတာပဲ။
ဒါဟာ ပေါင်းစုခြင်းရဲ့ အင်အားပေါ့။
ဒီလိုပဲ မြစ်ချောင်းအင်းအိုင် ပင်လယ်သမုဒ္ဒရာထဲက ရေတွေကိုလဲ လူတိုင်း အသုံးပြုနိုင်ခွင့်ရှိတယ်။
မကုန်ခန်းနိုင်အောင်ရှိတာမို့ လူတိုင်းအတွက် အလျှံပယ်ရှိတယ်။
လုယူသုံးစွဲစရာမလိုဘူ။
လောကနိယာမကို အလိုက်သင့် နေထိုင်စီးမျှောတတ်ရင် မင်းလိုရာခရီးကို အရောက်သွားနိုင်ပါတယ်။


ကာယစွမ်းအားမှာသည် ဥာဏ်နစွမ်းအား

ခန္ဓာကိုယ်ကကျတဲ့ ချွေးတစ်စက်တိုင်းရဲ့ လုပ်ခ ဟာ အဖိုးတန်လှပါတယ်။ သို့သော် အဖိုးတန်လွန်းတဲ့ လုပ်ခလစာကို ဆွဲ ဆောင်ဖြားယောင်းတဲ့ လိုချင်လုပ်ချင...