စူးဝင်နေတဲ့ ဆူးကို
အနာခံပြီး ဆူးမထွင်ရင်
ဆူးထွင်လို့ နာကျင်ရတာထက်
ပိုသောရလဒ်ကို မင်းသိလာမယ်။
နာကျင်မှုတချို့တွေဟာ
အနာမရင်းစေဖို့အချက်ပြသလို
အနာကျက်စေဖို့လဲ
အထောက်အကူဖြစ်စေတယ်။
ဒါကြောင့် နာကျင်မှုအသွင်ပြောင်းတတ်တဲ့
ကြင်နာမှုတွေထက်
ကြင်နာမှုအသွင်မြဲမြံစေတဲ့ နာကျင်မှုတချို့ကို
လက်ခံရယူပြီး အကြင်နာဘဝခရီးကို
နားလည်မှုနဲ့ ဆက်လျှောက်ပါလေ။
ကိုယော
No comments:
Post a Comment