ကိုင်း ... ဒီတော့ မင်းကျောင်းမှာ ဒီနေ့ဘာတွေသင်ခဲ့ရသလဲလို့ အဖေသူဌေးက ဆက်မေးပါတယ်။
သောမတ်အက်ဒီဆင်အကြောင်း သင်ခဲ့ရတယ်လို့ ကျွန်တော် ကဖြေလိုက်တယ်။
ဒီတော့ အဖေသူဌေးက • • •
အင်း ... အဲဒါ လေ့လာသင့်တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး တစ်ယောက်ပဲ။
ဒီတော့ အက်ဒီဆင် ဘယ်လိုသူဌေး ဖြစ်လာတယ်၊ ဘာကြောင့် ကမ္ဘာကျော်လာတယ် ဆိုတာကိုရော မင်းတို့ ဆွေးနွေးခဲ့ကြရဲ့လား" “ဟင့်အင်း ... လျှပ်စစ်မီးသီးလို ပစ္စည်းတွေကို တီထွင်ထုတ် လုပ်ခဲ့တဲ့ အကြောင်းပဲ ဆွေးနွေးခဲ့ကြတယ်”
အဖေသူ ဌေးက ပြုံးလိုက်ပြီးတော့မှ ... 'ကောင်းပြီ၊ ငါ မင်းတို့ဆရာနဲ့ ဆန့်ကျင်ဘက် မဖြစ်ချင်ပါဘူး၊ ဒါပေမဲ့ လျှပ်စစ်မီးသီးကို အက်ဒီဆင် တီထွင်တယ်ဆိုတာမှားတယ်၊ သူက လျှပ်စစ်မီးသီးကိုပိုပြီးတိုးတက်ကောင်းမွန်အောင် ပြုပြင်ဖန်တီးခဲ့ တာသာဖြစ်တယ်”
အဲဒီနောက် အက်ဒီဆင်ဟာ သူ့ဘဝရဲ့ စံပြသူရဲကောင်းတစ်ယောက်ဖြစ်ကြောင်း၊ ဒါကြောင့် အက်ဒီဆင်အကြောင်းကို သူအများ ကြီး လေ့လာခဲ့ဖူးကြောင်း အဖေသူဌေးက ထပ်ပြီး ပြောပြပါတယ်။
“ဒါဖြင့် မီးသီး တီထွင်သူလို့ သူ့ကိုဘာကြောင့် သမိုင်းတင် ကြတာလဲ”
“သူ့မီးသီးမတိုင်ခင် တခြားမီးသီးတွေ အများကြီး ပေါ်ခဲ့ဖူး၊ ဒါပေမဲ့ အဲဒါတွေက လက်တွေ့ အလုပ်မဖြစ်ကြဘူး၊ အစောပိုင်းမီးသီးတွေက တာရှည်လည်း မီးမလင်းဘူး၊ ပြီးတော့ လျှပ်စစ်မီးသီးမှာ “စီးပွားရေးတန်ဖိုး” (Commercial Value) ရှိကြောင်းကိုလည်း အစောပိုင်း တီထွင်သူတွေက မရှင်းပြနိုင်ကြဘူး”
“ စီးပွားရေးတန်ဖိုး ... ဟုတ်လား” “ဟုတ်တယ်၊ အဲဒါကို တစ်နည်းပြောရရင် အခြားတီထွင်သူတွေ
က သူတို့ရဲ့ တီထွင်ပစ္စည်းကို ပိုက်ဆံဖြစ်အောင် မလုပ်တတ်ကြဘူး၊ အယ်ဒီဆင်ကျတော့ လုပ်တတ်တယ်"
ဒါဆို အယ်ဒီဆင်ဟာ ပထမဆုံး လက်တွေ့အသုံးဝင်တဲ့ မီးသီး “ကိုလည်း တီထွင်တယ်၊ ပြီးတော့ အဲဒီမီးသီးကို စီးပွားရေးဈေးကွက်ထဲ ရောက်အောင်လည်း လုပ်နိုင်တယ် ဆိုပါတော့။
အဖေသူဌေးက ခေါင်းညိတ်ပြပြီးနောက် ... 'အယ်ဒီဆင်ဟာ သူတီထွင်တဲ့ ပစ္စည်းတွေကို လူတွေ သန်းပေါင်းများစွာအတွက် အသုံးဝင်အောင် ပြုလုပ်နိုင်ခဲ့တာ၊ အဲဒါဟာ သူ့မှာ စီးပွားရေးအသိ (Business Sense) ရှိလို့ပဲ၊ အယ်ဒီဆင်ဟာ တီထွင်မှုသာမကဘူး၊ ဂျင်နရယ်လျှပ်စစ် ကုမ္ပဏီနဲ့ အခြားကုမ္ပဏီ အများအပြားကို တည်ထောင်ခဲ့သူလည်း ဖြစ်တယ်။
ဒီအကြောင်း မင်းတို့ဆရာတွေက မပြောပြ ဘူးလား”
“ဟင့်အင်း ... မပြောပြဘူး၊ ပြောပြရင် သိပ်ကောင်းတာပေါ့၊ ကျွန်တော် အရမ်း စိတ်ဝင်စားမှာပဲ၊ အခုတော့ သူတို့ ပြောပြတာကို ကျွန်တော်လုံးဝ စိတ်မဝင်စားဘူး။
အယ်ဒီဆင့်ဘဝနဲ့ ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝနဲ့ ဘယ်လိုဆက်စပ်နိုင်သလဲ ဆိုတာကိုပဲ ကျွန်တော်တွေးနေမိတယ်။ အယ်ဒီဆင် ဘာကြောင့်၊ ဘယ်လို သူဌေးဖြစ်လာတယ်ဆိုတာကို သူတို့က သင်ကြားမယ်ဆိုရင် ကျွန်တော် လေးလေးနက်နက် နားထောင်ပြီး လေးလေးနက်နက် သင်ယူမှာပဲ” အဖေသူဌေးက ရယ်လိုက်ပြီးတော့ အယ်ဒီဆင်အကြောင်းကို ဆက်ပြီး ပြောပြပါတယ်။
တီထွင်သူ အယ်ဒီဆင်ဟာ မီလျံနာသူဌေးကြီး ဖြစ်လာပြီး ဘီလျံနာပိုင် ကုမ္ပဏီကြီး တည်ထောင်နိုင်ခဲ့တယ်။
ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက
ဒီကောင် စာသင်လို့တတ်မှာမဟုတ်ဘူး”လို့ ဆရာတွေက မှတ်ချက်ချပြီး အထက်တန်း မအောင်ခင် ကျောင်းထုတ်ခံခဲ့ရတယ်တဲ့။
အဲဒီနောက် သူဟာလမ်းပေါ်လျှောက်ပြီး သကြားလုံးရောင်းတယ်၊ မဂ္ဂဇင်း ဂျာနယ်တွေ ရောင်းတယ်။
အဲဒီမှာ သူဟာ ရောင်းချခြင်း အတတ်ပညာကို သဘောပေါက် နားလည်လာခဲ့တာ။
မကြာခင်မှာပဲ သူဟာ မီးရထားတွဲ နောက်ဘက်မှာ ကိုယ်ပိုင် သတင်းစာ ထုတ်လုပ်တယ်။
အလုပ်လက်မဲ့ ကလေးတွေကို အခပေးပြီး သကြားလုံးရော၊ သတင်းစာပါ ရောင်းခိုင်း။ သူဟာ လူငယ်ဘဝမှာတောင် အမှုထမ်း ဘဝကနေပြီး အလုပ်ရှင်ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့တယ်။
တစ်နှစ်အတွင်း သူ့အလုပ်မှာ အလုပ်သမားလူငယ် တစ်ဒါဇင်လောက် ခန့်ထားနိုင်ခဲ့တယ်။
“အဲဒီတော့ အယ်ဒီဆင်ဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းကို အဲဒီလို စတင်ခဲ့တယ် ဆိုပါတော့။
အဖေသူဌေးက ခေါင်းညိတ်ပြီး ပြုံးနေတယ် ။ ' အဲဒီအကြောင်းကို ကျွန်တော်တို့ဆရာတွေက ဘာဖြစ်လို့ မပြောတာလဲ မသိဘူး၊ ကျွန်တော်က ဒီလို ဇာတ်လမ်းမျိုးဆို သိပ်ပြီး နားထောင်ချင်တာ။
“ပြောစရာတွေ အများကြီး ကျန်သေးတယ် ဆိုပြီး အဖေက အယ်ဒီဆင်အကြောင်း ဆက်ပြီး ပြောပြတယ်။
အယ်ဒီဆင်ဟာ မကြာခင်မှာ မီးရထားပေါ်က စီးပွားရေးလုပ် ငန်းကို ငြီးငွေ့လာတယ်။
ဒါနဲ့ “မော့စ် အချက်ပြသင်္ကေတ” (Morse Code) ပညာလေ့လာပြီး ကြေးနန်းအော်ပရေတာ
(Telegraph Operator) ဝင်လုပ်တယ်။
ဒီလိုနဲ့ သူ့ဒေသတစ်ဝိုက်မှာ အတော်ဆုံး ကြေးနန်း အော်ပရေတာအဖြစ် ထင်ရှားလာတယ်။
သူဟာကြေးနန်းဘဝနဲ့ နယ်တကာ ခရီးထွက်ရတယ်။
“အဲဒီလို လူငယ်စွန့်ဦးထွင် စီးပွားရေးသမားဘဝနဲ့
ကြေးနန်းအော်ပရေတာ ဘဝတွေက သူ ပညာတွေ ရခဲ့တယ်။
ဒါကြောင့်လည်း နောင်အခါမှာ စီးပွားရေးလုပ်ငန်းရှင်နဲ့ လျှပ်စစ်မီးသီး တီထွင်သူဖြစ်လာဖို့ အခွင့်အလမ်း ရခဲ့တာ ဖြစ်တယ်” လို့ အဖေသူဌေးက ပြောပြတယ်။
“ကြေးနန်းအော်ပရေတာ ဖြစ်တာကြောင့် ဘယ်လိုလုပ်ပြီး စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာ ရတာလဲ” ကျွန်တော့်စိတ်ထဲမရှင်းတာကြောင့်
ကြားဖြတ် မေးလိုက်မိတယ်။
“သူ့ဇာတ်လမ်းက ကျွန်တော့်ကို သူဌေး ဖြစ်အောင် ဘယ်လိုအထောက်အကူ ပြုနိုင်မှာလဲ။
“ဟုတ်ပြီ၊ ငါရှင်းပြမယ် ” စိတ်ရှည်ရှည်နဲ့ နားထောင်၊ စောစော ကငါပြောခဲ့သလို အယ်ဒီဆင်ဟာ တီထွင်သူသက်သက် မဟုတ်ဘူးဆိုတာ သတိရပါ။
သူဟာ လူငယ်ဘဝကတည်းက စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာတဲ့လူ၊ ဒါကြောင့်လည်း သူဟာ သိပ်ချမ်းသာပြီး သိပ်ကျော်ကြားလာတာ ပေါ့၊ သူဟာ ကျောင်းပညာ ဆက်မသင်တော့ဘဲ လက်တွေ့ဘဝမှာ အောင်မြင်ရေးအတွက် စီးပွားရေးလုပ်ငန်း ကျွမ်းကျင်မှုတွေကို လေ့လာ ဆည်းပူးတယ်၊ သူဌေးတွေ ဘာကြောင့် သူဌေးဖြစ်ကြသလဲလို့ မင်းက ငါ့ကို မေးခဲ့တယ် မဟုတ်လား”
“ဟုတ်ကဲ့၊ မေးခဲ့ပါတယ်” “လျှပ်စစ်မီးသီးနဲ့ ပတ်သက်ပြီး အယ်ဒီဆင် နာမည်ကျော်တာဟာ တခြားကြောင့် မဟုတ်ဘူး၊ လူငယ် စီးပွားရေးလုပ်ငန်းရှင် ဘဝနဲ့ ကြေးနန်းအော်ပရေတာ ဘဝက ရခဲ့တဲ့ အတွေ့အကြုံတွေကြောင့်ပဲ၊ သူဟာ ကြေးနန်းအော်ပရေတာ ဖြစ်ခဲ့တာကြောင့် ကြေးနန်းကို တီထွင်သူဟာ ဘာကြောင့် ချမ်းသာလာသလဲဆိုတာ ကောင်းကောင်းသိတယ်။
ဘာကြောင့် ချမ်းသာလာတာလဲဆိုရင် ကြေးနန်းဟာ သံကြိုးလိုင်းတွေ၊ ကြေးနန်းတိုင် တွေ၊ ကျွမ်းကျင်ပညာသည်တွေနဲ့ လက်ဆင့်ကမ်း ဆက်သွယ်ရေး စခန်း တွေ ပါဝင်တဲ့ စီးပွားရေးလုပ်ငန်းစနစ် (Business System) တစ်ခု ဖြစ်လို့ပဲ၊ အယ်ဒီဆင်ဟာ စနစ်တစ်ခုရဲ့ စွမ်းအားကို လူငယ်ဘဝ ” ကတည်းက နားလည်ခဲ့တယ်။
ဒါဖြင့် သူဟာ စီးပွားရေးသမားဖြစ်တဲ့အတွက် စနစ်တစ်ခုရဲ့ အရေးပါပုံကို သဘောပေါက်တာလို့ အဖေက ဆိုလိုတာလား၊ ဒါဆိုတီထွင်ပစ္စည်းထက် စနစ်က ပိုပြီး အရေးကြီးတယ်ပေါ့”
“ဒါပေါ့၊ ဟုတ်တာပေါ့ ၊ မင်းသိတဲ့အတိုင်း လူများစုဟာ စနစ် တစ်ခုရဲ့ အောက်မှာ အမှုထမ်းလုပ်ဖို့အတွက် ကျောင်းတက်ပြီး ပညာသင် ကြတယ်။
ဒါကြောင့် သူတို့ဟာ ရုပ်ပုံကားချပ်ကြီးကို မမြင်နိုင်ကြတာ၊ အများစုက သူတို့အလုပ်ရဲ့ တန်ဖိုးလောက်ကိုသာ မြင်ကြတာ၊ သူတို့ အားလုံး အဲဒီလောက်ကိုပဲ မြင်နိုင်အောင် သင်ယူထားကြတာကိုး၊ ဒါကြောင့် သူတို့က သစ်ပင်ကိုပဲ မြင်ကြတယ်၊ သစ်တောကို မမြင်ကြဘူး” “အဲဒါဆို လူများစုဟာ စနစ်ကို ပိုင်ဖို့ထက် စနစ်အောက်မှာ အမှုထမ်းဖို့ပဲ ကြိုးစားနေကြတယ် ဆိုပါတော့။
“ဟုတ်တယ် သူတို့အားလုံး တီထွင်ပစ္စည်း သို့မဟုတ် ထုတ်ကုန်ကိုပဲ မြင်ကြတယ်။
တီထွင်တဲ့စနစ်၊ ထုတ်လုပ်တဲ့စနစ်ကို မမြင်ကြဘူး။
သူဌေးတွေ ဘာကြောင့် သူဌေး ဖြစ်ကြသလဲဆိုတာ လူများစုက မမြင်ကြ ဘူး”
“ ဒါဆို အဲဒီစနစ်အရ အယ်ဒီဆင်နဲ့ လျှပ်စစ်မီးသီးကို ဘယ်လို ဆက်စပ်ပေးမလဲ အဖေ။
“လျှပ်စစ်မီးသီးကို စွမ်းအားရှိအောင် လုပ်ပေးတာ လျှပ်စစ်မီးသီး မဟုတ်ဘူး၊ လျှပ်စစ်လိုင်းတွေ က လုပ်ပေးတာနဲ့ လက်ဆင့်ကမ်းဆက်သွယ်ရေး စခန်းတွေ၊ တခြားလူတွေက မီးသီးလောက်ပဲ မြင်နေချိန်မှာ အယ်ဒီဆင်က ရုပ်ပုံကားချပ်ကြီး တစ်ခုလုံးကို မြင်တာ၊ နောက်တစ်မျိုး ပြောရရင် သူက မီးသီးကိုသာမက စနစ်ကိုပါ မြင်တာ၊ အဲဒါ ကြောင့် သူဌေးဖြစ်တာ၊ “စနစ် " (System) ကို နောက်စကားလုံး တစ်မျိုးနဲ့ ကွန်ရက်” (Network) လို့လည်း ခေါ်ကြသေးတယ်။
မင်း သူဌေးဖြစ်ချင်ရင် ကွန်ရက်လုပ်ငန်းရဲ့ စွမ်းအားကို သဘောပေါက်နားလည်အောင် လေ့လာ ရမယ်၊ ကမ္ဘာမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေဟာ ကွန်ရက်လုပ်ငန်းတွေ တည်ထောင်ကြတယ် ဆည်းပူးကြတယ် ”
အခြားသူ တွေက အလုပ်ရဖို့လောက်ပဲ သင်ယူ
“ဒါဆို လျှပ်စစ်ကွန်ရက် မရှိရင် လျှပ်စစ်မီးသီးဟာ ဘာမှတန်ဖိုး မရှိဘူး ဆိုပါတော့။
“ဟုတ်ပြီ၊ မင်းသဘောပေါက်ပြီး၊ အဲဒီတော့ သူဌေးတွေ သူဌေးဖြစ်တာဟာ စနစ်ကို တည်ထောင်လို့၊ စနစ်ကို ပိုင်လို့ပဲ။
ဒါမှမဟုတ် ကွန်ရက်ကို တည်ထောင်လို့၊ ကွန်ရက်ကို ပိုင်လို့ပဲ။
လောကမှာ သူဌေးဖြစ်နည်းတွေ တစ်နည်းမက အများကြီးရှိတယ်၊
ဒါပေမဲ့ အချမ်းသာဆုံး လူတွေက ကွန်ရက်တွေကိုပဲ အမြဲတမ်း တည်ထောင်ကြတယ်၊ ကမ္ဘာမှာ အချမ်းသာဆုံး ရေနံ သူဌေးကြီး ဂျွန်၊ ဒီ၊ ရော့ခ်ဖဲလားကို ကြည့် ပါလား၊ သူက ရေနံရဖို့အတွက် ရေနံတွင်းတူးရုံ မကဘူး၊ ဓာတ်ဆီဆိုင်တွေ၊ ဓာတ်ဆီကားတွေ၊ ရေနံတင် သင်္ဘောတွေနဲ့ ရေနံပိုက်လိုင်းတွေ ပါဝင်တဲ့ ကွန်ရက်ကြီးကို တည်ထောင်ခဲ့တာ။
အဲဒါကြောင့်ပဲ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဖြစ်လာတာပေါ့၊ နောက်တစ်ယောက်က အလက်ဇန္ဒာ ဂရေဟမ်ဘဲ၊ သူက တယ်လီဖုန်းကို တီထွင်ပြီးတော့ “အမေရိကန် တယ်လီဖုန်းနှင့် တယ်လီဂရမ်” ကုမ္ပဏီ (AT&T) ဆိုတဲ့ တယ်လီဖုန်း ကွန်ရက်ကြီးကို တည်ထောင်ခဲ့တယ်။
နောက်ပိုင်းကျတော့ ရေဒီယိုကွန်ရက်၊ ရုပ်မြင်သံကြားကွန်ရက် ဆိုတာတွေ ပေါ်လာတယ်၊ တီထွင်မှုအသစ် တစ်ခု ပေါ်လာတိုင်း အဲဒီတီထွင်ပစ္စည်းကို အထောက်အကူပြုတဲ့ ကွန်ရက်ကိုတည်ထောင် ပိုင်ဆိုင်တဲ့လူတွေ သူဌေးဖြစ်လာကြတယ် ။
ဝင်ငွေကောင်းတဲ့ ရုပ်ရှင်စတားတွေနဲ့ အားကစားသမားတွေဟာ ရေဒီယိုနဲ့ ရုပ်သံ ကုန်ရက်တွေကြောင့် နာမည်ကျော်ပြီး လက်ဖျား ငွေသီးလာကြတယ်”
ဒါနဲ့တောင် ကွန်ရက်တည်ထောင်နည်းကို ကျွန်တော်တို့ ကျောင်းတွေက ဘာကြောင့် သင်မပေးကြတာလဲ”
အဖေသူဌေးက ပခုံးတွန့်လိုက်ပြီးနောက် ... “အဲဒါတော့ ငါလည်း မသိဘူး။ ငါထင်တာတော့ လူများစုက ကွန်ရက်ကြီး အောက်မှာ အမှုထမ်းအဖြစ်နဲ့ လခကောင်းတဲ့ အလုပ်ရဖို့ပဲ ကြိုးစားနေကြတယ်။
ကွန်ရက်ကြီးက သူဌေးတွေကို ဌေးသည်ထက် ဌေးအောင် လုပ်ပေးတာ၊ ငါက သူဌေးအတွက် အလုပ် မလုပ်ချင်ဘူး။
ဒါကြောင့် ကိုယ်ပိုင်ကွန်ရက်ကို တည်ထောင်တယ်၊ အစတုန်းက ပိုက်ဆံ သိပ်မရဘူး၊ ကွန်ရက်တည်ထောင်ကာ အချိန်ယူရလို့ပဲ၊ ငါးနှစ်အတွင်းမှာ ငါ့မိတ်ဆွေထက် ငါက ဝင်ငွေပိုနည်းနေတယ် ။ ဒါပေမဲ့ နောက်ဆယ်နှစ် အကြာမှာတော့ ငါက သူတို့ထက် ကျော်တက်သွားတယ်၊ ကျောင်းနေဖက် သူငယ်ချင်း ဒေါက်တာတွေ၊ ရှေ့နေတွေတောင် ငါ့လောက် မချမ်းသာကြဘူး၊ ဒီနေ့ဆိုရင် ငါဟာ ငါ့သူငယ်ချင်းတွေ အိပ်မက်တောင် မမက်ရဲတဲ့ ဝင်ငွေကို ရနေပြီ၊ စနစ်တကျ စီမံဆောင်ရွက်တဲ့ စီးပွားရေးလုပ်ငန်း ကွန်ရက်ဟာ အထူးကြိုးစားလုပ်ကိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းထက် အဆပေါင်း မြောက်မြားစွာ ပိုပြီး ချမ်းသာနိုင်တယ် ”
အဲဒီနောက် ကွန်ရက်တည်ထောင်လို့ ချမ်းသာကျော်ကြားလာတဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို အဖေသူဌေးက ဆက်ပြောတယ်။
မီးရထား ပေါ်လာတော့ လူပေါင်းများစွာ ချမ်းသာလာကြတယ်။
အလားတူပဲ၊ လေယာဉ်ပျံ၊ သင်္ဘော၊ မော်တော်ကားနှင့် ဝေါ်လ်မတ် (Wal-Mart)၊ ဂက် (Gap) ရေဒီယိုရှက် (Radio Shack) တို့လို စတိုးဆိုင် ကွန်ရက်ကြီးတွေ ပေါ်လာ တော့ ပိုင်ရှင်တွေဟာ ဘီလျံနာတွေဖြစ်လာကြတယ် ။ ဒီနေ့ ကမ္ဘာ့အချမ်း သာဆုံး ပုဂ္ဂိုလ်တွေထဲမှာ ဆူပါ ကွန်ပျူတာနဲ့ တစ်ကိုယ်ရေသုံး ပီစီ ကွန်ပျူတာ ကွန်ရက်တွေကို ပိုင်ဆိုင်တဲ့ လုပ်ငန်းရှင်ကြီးတွေ ပါဝင်တယ် ။
မိုက္ကရိုဆော့ဖ်” ကွန်ပျူတာ ကုမ္ပဏီ သူဌေးကြီး ဘီလ်ဂိတ်လို ပုဂ္ဂိုလ် “ မျိုးတွေပေါ့။
အဲဒီတော့ လိုရင်းပြောရရင် အဖေသူဌေး ပြောတဲ့အတိုင်း “သူဌေးတွေက စီးပွားရေးလုပ်ငန်းကွန်ရက် တည်ထောင်လို့ သူဌေးဖြစ်၊ အခြား သူတွေကတော့ လခစား အလုပ်ကောင်း ရဖို့လောက်သာ ကြတယ် အာရုံပြုလို့ ငမွဲ ဖြစ်ကြတယ်”ဆိုပါတော့။
(ကွန်ယက်စွမ်းအားသင်ခန်းစာအတွက် ဆရာမောင်ပေါ်ထွန်းရဲ့
သူဌေးဖေဖေ၏ စီးပွားရေးလုပ်ငန်းသင်ကျောင်း စာအုပ်ထဲက ကူးယူသိမ်းဆည်သည်။)
Saturday, August 29, 2020
အက်ဒီဆင် ဘာကြောင့် သူဌေးဖြစ်လာသလဲ
Subscribe to:
Post Comments (Atom)
ကာယစွမ်းအားမှာသည် ဥာဏ်နစွမ်းအား
ခန္ဓာကိုယ်ကကျတဲ့ ချွေးတစ်စက်တိုင်းရဲ့ လုပ်ခ ဟာ အဖိုးတန်လှပါတယ်။ သို့သော် အဖိုးတန်လွန်းတဲ့ လုပ်ခလစာကို ဆွဲ ဆောင်ဖြားယောင်းတဲ့ လိုချင်လုပ်ချင...
-
ကိုးကွယ်သောနှလုံးသား (Kho Kuai Taw Nah Lone Ta) Intro - D A Em7 A D A Em7 A Verse D A တေးသွားများကုန်ချိန်...
-
Key : G G C Em C ဟိုး ... ဟိုး ... ဟို သခင်မရှိခဲ့ရင် G C Em ...
-
Key : C Intro : C Bb F C C Bb F C C Bb F C V1. (က) သစ်ရွက်တို့လွင့်ကြွေမြေခ...
No comments:
Post a Comment